Right Time, Right News   On 24 May 2013 | Last Updated 15 hours 53 minutes 24 seconds ago
 ABOUT US    |    CONTACT US    |    READ AND DOWNLOAD  
   
     Log In
   Email:   
   Password:   
   Remember me     Log In
Forgot your password?
 Breaking news:
လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူ လယ်သမားများ ကာကွယ်ရေး ဥပဒေ ကြမ်းအတွက် USAID ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည့်အပါအ၀င် လွှတ်တော် ကော်မတီဥက္ကဌ များတွေ့ဆုံ ဆွေးနွေးပွဲကို လွှတ်တော်ရုံးခွဲ( ရန်ကုန်) ၆.၅.၂၀၁၃ တွင် ကျင်းပခဲ့သည်။
     နောက်ဆုံးရသတင်းများ
»    ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၏ ၂၅ နှစ် ပြည့် ငွေရတု
Thu, 23 May 2013 read more »
»    ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်ကျ ရောက်မည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၏ ၂၅ နှစ် ပြည့် ငွေရတုတွင် အနာဂတ် မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ၈၈ မျိုးဆက် ကျောင်းသားများနှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS )တို့ မှတာဝန်ရှိသူများ ယနေ့တွေ့ဆုံ ဆွေးနွေးခဲ့သည်။ « hide
»    မုန်တိုင်းသတိပေးချက်
Mon, 13 May 2013 read more »
»    ယနေ့မြန်မာ စံတော်ချိန်(၁၂း၃၀) နာရီအချိန် တိုင်းထွာချက်များ အရဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် သည်ပိုမိုအားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ(ကော့သောင်းမြို့) ၏အနောက်တောင်ဘက် မိုင်(၅၁၀) ခန့်အကွာ ပင်လယ်ပြင် ကှိုဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်မြောက်ဘက် သို့ဆက်လက် ရွေ့လျားပြီး၊ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာမိုင် (၅၀)မှမိုင်(၆၀) အထိ ရှိနိုင်ပါသည်။ မဟာစင်(MAHASEN)ဆိုင်ကလုန်မုန်တိုင်း သည်နောက် (၂၄)နာရီအတွင်း ပိုမို အားကောင်း လာနိုင်ပြီး၊ အားကောင်း သောဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိ နိုင်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊မွန်တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင်မိုင် (၄၀)မှ(၄၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း ၏လက်ရှိ အခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်းမေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက် သို့ကွေ့လျက်မေလ(၁၆)ရက်နေ့နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေ ဒေသများ သို့ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြု အပ်ပါသည်။ « hide
»    မြန်မာပြည် ရဲ့ ပထမဆုံး အခမဲ့ သတင်းစာ " MESSENGER "
Mon, 6 May 2013 read more »
»    စတင် ထုတ်ဝေ သည့်နေ့မှ စပြီး နေ့စဉ် နေ့တိုင်းအခမဲ့....
ပရိုမိုးရှင်းလုပ်ပြီးပေးတဲ့အခမဲ့ လုံးဝလုံးဝ မဟုတ်ပါ .......
Messenger Daily Newspaper အား အခမဲ့ ရယူ ဖတ်ရှုနိုင်မည့် ရန်ကုန်မြို့အတွင်း နေရာတချို့
၁။ ရွှေကောင်းကြွယ် သင်္ဃန်းကျွန်း ၂ဝ(ဃ) တိုက်အမှတ်-ဝဝ၁၊ လေးထောင့်ကန်လမ်းမ၊ (စ) သုမင်္ဂလာ။
၂။ စည်းစိမ်ရှင် သင်္ဃန်းကျွန်း BOC- မှတ်တိုင်
၃။ မဟာရန်ကုန် သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်
၎။ စိတ်တိုင်းကျ တောင်ဥက္ကလာ လိုင်စင်ရုံးမှတ်တိုင်
၅။ it တောင်ဥက္ကလာ အမှတ်-၁ဝ၂၃၊ သံသုမာလမ်းမ၊ မိုးဆွေမှတ်တိုင်အနီး။
၆။ ရွှေကောင်းကြွယ် တောင်ဥက္ကလာ ၃၁ဝ(က)၊ သစ္စာလမ်း၊ (၉) ရပ်ကွက်။
၇။ GALAXY POINT တောင်ဥက္ကလာ သံသုမာလမ်းမ၊ မြင်သာဈေးမှတ်တိုင်အနီး။
၈။ ရွှေကောင်းကြွယ် မြောက်ဒဂုံ အမှတ်-(၈၉၁၊၈၉၂)၊ ပင်လုံလမ်းနှင့် သင်းဝင်လမ်းထောင့်၊ (၃၄) ရပ်ကွက်။ ဖုန်း-ဝ၉-၇၃၂ဝ၄၂၉၅
၉။ BO BO MIN TEA GARDEN မြောက်ဒဂုံ အမှတ်-၃၄/၈၆၅၊ ဦးဝိစာရလမ်း၊ မြောက်ဒဂုံ။ ဝ၉-၅ဝ၄၇၂၃၊ ဝ၁-၅၈၆ဝ၁၂၊ ဝ၉-၅ဝ၄၇၂၄၁။
၁ဝ။ လှိုင်မင်း လှိုင်မြို့နယ် အင်းစိန်လမ်း
၁၁။ အောင်စည်းစိမ် လှိုင်မြို့နယ် ကမာရွတ်သံလမ်း။ ဝ၉-၄၉၂၅၁၇၂။
၁၂။ စတိုင်ဝမ်း ကမာရွတ်မြို့နယ်အင်းစိန်လမ်းမ၊ ဘူတာရုံလမ်းမှတ်တိုင်။
၁၃။ it လှည်းတန်း ဝ၉-၄၂၅၂၉၃၃၁ဝ
၁၄။ အောင်ကောင်းစံ ကြည့်မြင်တိုင်အောက်လမ်းဗဟိုစံပြငါးဈေး (လက်ဖက်ရည်စားဖွယ်စုံ)
၁၅။ သုံးပန်လှ စမ်းချောင်းဗဟိုလမ်း ၆၈/၇ဝ။ ဝ၁-၅၁၉၂၉၆ (café & restaurant)
၁၆။ စည်းစိမ်ရှင် တာမွေမြို့နယ် သတိပဌာန်လမ်း
၁၇။ ကဖီးနှင့် မင်္ဂလာမုန့်တိုက် ပန်းဘဲတန်း အမှတ်-၂၇၉၊ (၂၈) လမ်းထိပ်၊ အနော်ရထာလမ်း။
၁၈။ SUPER KING လမ်းမတော်မြို့နယ်
၁၉။ စံပြ ဒေါ်ကြည်မုန့်ဟင်းခါး လမ်းမတော်မြို့နယ် အမှတ်-၈၈၊ ဝါးတန်းလမ်း၊ ဝ၁-၂၂၃၆၅၉။
၂ဝ။ မဟာရန်ကုန် လမ်းမတော်မြို့နယ် အမှတ်-၈၃၄၊ မဟာဗန္ဓုလလမ်း၊ (၉) လမ်းထိပ်။
၂၁။ မဟာရန်ကုန် လမ်းမတော်မြို့နယ် အမှတ်-၂၈၆၊ (၆) လမ်းထိပ်၊ အနော်ရထာလမ်း၊ ဝ၉-၄၃ဝ၉၄၆၆၆၊ ဝ၉-၄၂၅၃ဝ၅၆၆၆။
၂၂။ အောင်ဘရားသား သာကေတ ၈-ဂိတ်
၂၃။ ပွိုင့် သာကေတ ဦးစိန်ထွန်း၊ အဝိုင်းဂိတ်။
၂၄။ မဟာရန်ကုန် ပုဇွန်တောင် အထက်ပုဇွန်တောင်လမ်းမကြီး။
၂၅။ အောင်ဘရားသား သာကေတ ဦးသိန်းစိုး၊ ခိုင်ရွှေဝါမှတ်တိုင်၊ ရှုခင်းသာမြို့ပတ်လမ်း၊ (၇) ရပ်ကွက်။
၂၆။ ခရေဖူး ကြည့်မြင်တိုင် ထီးတန်းအိမ်ရာ၊ အမှတ်-ဝဝ၇၊ အခန်း-၅၈/၆၄။
၂၇။ လွန်ဌေး ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးဟောင်းအနီး၊ ကမ်းနားလမ်း၊ ထီးတန်း၊ အမှတ်-၅၄ဝ။
၂၈။ ကာကာမင်း ကြည့်မြင်တိုင် ကြည့်မြင်တိုင်ကမ်းနားလမ်းနှင့် အိုးဘိုလမ်းထောင့်၊ အမှတ်-(၁ဝ) ဖုန်း-၈၇၄၃ဝ၈၄။
၂၉။ King အလုံမြို့ သီရိမင်္ဂလာဈေးဟောင်းရှေ့။
၃ဝ။ ကြယ်စင်သန့် အလုံမြို့ အလုံမြောင်းကြီးဆိပ်မှတ်တိုင်၊ သီရိမင်္ဂလာဈေးဟောင်း အိမ်ရာဝင်း။
၃၁။ ကာကာမင်း အလုံမြို့ ဆင်မင်းဈေးမှတ်တိုင်၊ ကမ်းနားလမ်း။
၃၂။ ကုဋေကြွယ် အလုံမြို့ ကွင်းကျောင်းလမ်း၊ အမှတ်-၅၁၊ ဖုန်း-၅၄ဝ၃၈၅၊ ဝ၉- ၄၂ဝ၂၇၆၃၁၁။
၃၃။ သီဟမင်း အလုံမြို့ အလုံ ကမ်းနားလမ်း၊ ကပရဝင်း၊ အမှတ်-၁၉၅။
၃၄။ သုံးပန်လှ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း သံသုမာလမ်း၊ ကသစ်မြိုင်လမ်းထိပ်၊ ၅၇၈၄၉၂။
၃၅။ သုံးပန်လှ ကျောက်တံတား မဟာဗန္ဓုလလမ်း၊ (၃၂) လမ်းထိပ်။
၃၆။ ရွှေခေါင်းလောင်း ပန်းဘဲတန်း အမှတ်-၃၆၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၂၄ဝ၂၂၅။
၃၉။ မဟာရန်ကုန် ပုဇွန်တောင်မြို့နယ် တိုက်အမှတ်-၁ဝ၅၊ မြေညီထပ်၊ အနော်ရထာလမ်းနှင့် ၅၁ လမ်းထောင့်။
၃၈။ မာကျူရီ ဗိုလ်တထောင်မြို့နယ် (၄၆) လမ်းထိပ်၊ အနော်ရထာလမ်း။
၃၉။ လောကနတ် ဗိုလ်တထောင်မြို့နယ် (၅ဝ/၅၁) လမ်းကြား၊ မဟာဗန္ဓုလလမ်း။
၎ဝ။ it ဗိုလ်တထောင်မြို့နယ် (၅၁)လမ်း၊ ကုန်သည်လမ်း။
« hide
»    Toyo Thai Power Myanmar Co.Ltd နှင့်ပူးပေါင်း ဆောင်ရွက်သော ၁၂၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနား
Tue, 30 April 2013 read more »
»    ရန်ကုန်မြို့ ကဲ့သို့နေရာ မျိုးတွင်လျှပ်စစ် ဓါတ်အား ရရှိရေးသည် နိုင်ငံရေး တစ်ရပ် ဟုပြောနိုင် ကြောင်းယနေ့ နံနက်ပိုင်း ကအလုံဓါတ်အားပေး ရုံတွင်ပြုလုပ်သော ၁၂၀ မဂ္ဂါဝပ် ဓါတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနား တွင်ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ “အထူးသဖြင့် ရန်ကုန်လိုနေရာမျိုးမှာလျှပ်စစ်ဓါတ်အားက နိုင်ငံရေးလို့ပြော ရင်တောင် ပြောနိုင်တဲ့ အနေအထားရှိပါတယ်။ လျှပ်စစ်ဓါတ်အား မရရင် လူတွေက လုပ်ကိုင် ဆောင်ရွက်မှု တွေမှာအများကြီး ထိခိုက်နိုင်ပါတယ်။ ၁၂၀ မဂ္ဂါဝပ် ဓါတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနား HightRised တွေရှိတဲ့ ရန်ကုန်လို နေရာမျိုးမှာ လျှပ်စစ် မရရင် ရေရဖို့လည်း ခက်ခဲပါတယ်။ ရေတွန်းတင် တဲ့စက်တွေ တောင်တွန်းနိုင် တဲ့အနေ အထား မရှိရင် အထပ်မြင့်မှာ နေတဲ့လူတွေ အတွက် အခက်ခဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ လျှပ်စစ် ဓါတ်အားရ လာတာနဲ့အမျှ ရန်ကုန်က လူတွေ ကျေနပ် ပျော်ရွှင်တဲ့ အနေ အထားဖြစ် လာမှာကိုအားလုံး အသိဘဲဖြစ်ပါတယ်” ဟုဝန်ကြီးချုပ် ကပြောသည်။ ထို့ပြင် ရန်ကုန်မြို့တွင် ဓါတ်အား သုံးစွဲမှုမှာ နှစ်စဉ် တိုးတက် လျှက်ရှိပြီး ရာခိုင်နှုန်း အားဖြင့် ၁၅ရာခိုင်နှုန်း တိုးတက် လိုအပ်လျှက် ရှိကြောင်း၊ ပွင့်လင်း လာမည့် ဈေးကွက် စီးပွားရေး အရ ၀င်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ၊ပေါ်ပေါက်လာမည့် အထူး စီးပွားရေး ဇုန်ကြီးများ၏ ဓါတ်အားလိုအပ် ချက်များကို ထည့်သွင်းတွက်ချက် ပါကစီးပွားရေး မြို့တော်ဖြစ် သောရန်ကုန် တိုင်းဒေသကြီး၏ ဓါတ်အား လိုအပ်ချက်သည် ခန့်မှန်း တွက်ချက် သည်ထက် များစွာပို လာနိုင်ကြောင်း ၎င်းကသုံးသပ်သည်။ ထို့ကြောင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှလည်း ရေတိုရေရှည် သဘာဝ ဓါတ်ငွေ့ သုံးဓါတ်အား ပေးစက်ရုံ အသစ်များကို ပုဂ္ဂလိက ကုမ္ပဏီများနှင့်ပူးပေါင်း အကောင် အထည်ဖော် လျှက်ရှိရာ ယခုဖွင့်လှစ် သည့်စက်ရုံမှာထိုင်းနိုင်ငံ Toyo Thai Power Myanmar Co.Ltdနှင့်အစိုးရ ပူးပေါင်း ဆောင်ရွက်သော ၁၂၀မဂ္ဂါဝပ် Combined Cycle Power Plant စက်ရုံ တစ်ရုံဖြစ်သည်။ လျှပ်စစ် ဓါတ်အား လုံလောက်စွာ မရရှိခြင်း ကြောင့်ယမန် နှစ်နွေရာသီ ကာလက ရန်ကုန်မြို့တွင် ဆန္ဒ ထုတ်ဖေါ်မှုများ ရှိခဲ့သည်။ « hide
      1 2 3 4 5 6    Next>    End>>
     ရုပ်သံသတင်းများ
     ခေါင်းကြီးသတင်းများ            အပတ်စဉ်သတင်းများ

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၏ ၂၅ နှစ် ပြည့် ငွေရတု

နိုင်ငံရေး အကျဉ်းသားများကို ခံဝန်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့်အစား အလုံးစုံ လွတ်ငြိမ်းပေးရန် လိုအပ်

မြန်မာပြည်ရဲ့ ပထမဆုံး အခမဲ့သတင်းစာ Messenger ၏ ၀န်ဆောင်မှု

မြန်မာပြည်ရဲ့ ပထမဆုံး အခမဲ့သတင်းစာ Messenger ၏ ၀န်ဆောင်မှု

မြန်မာပြည် ရဲ့ ပထမဆုံး အခမဲ့ သတင်းစာ MESSENGER ယနေ့ စတင်ဖြန့်ချိ

»  May  Vol.3,No.52
»  May  Vol.3,No.51
»  May  Vol.3,No.50
»  April  Vol.3,No.49
Photo News
alt
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အားကစား
ဖျော်ဖြေရေး
ဈေးဝယ်သူလမ်းညွှန်

Galanz

Galanz Air Conditioner

Rapidol

Rapidol (Ranbaxy) Paracetamol 500 mg tablet

SUPER

SUPER COFFEEMIX

GOOD BROTHERS Co.,Ltd.

GOOD BROTHERS Co.,Ltd.

GODZILLA

GODZILLA ခြင်နိုင်ဆေးခွေ

POLAR

POLAR Lubricants

TERUMO

TERUMO blood pressure monitor
ပင်မစာမျက်နှာ  |  ပြည်တွင်းသတင်း  |  နိုင်ငံတကာသတင်း  |  ရုပ်သံသတင်း  |  အားကစား  |  ဆောင်းပါး  |  ကျန်းမာရေး  |  ဖျော်ဖြေရေး  |  သိပ္ပံနှင့်နည်းပညာ  |  အထွေထွေ
@2012~2013 Messenger Weekly Journal. All right reserved. Powered by . No(386), Ingyin Myaing St., Thuwunna, Thingangyun Tsp, Yangon, Myanmar.